ဦး စံသာအောင်

ဦးစံသာအောင် ( ခရစ် ၁၉၂၅ – ၁၉၈၁ ) သည် ရခိုင်နှင့်မြန်မာ လူမှုရေးနယ်ပယ်၊ ပညာရေး နယ်ပယ်၊ စာပေယဉ်ကျေးမှု နယ်ပယ် အသီးသီးတွင် ထင်ရှားသူဖြစ်ပြီး ၁၉၇၁-ခုနှစ် အမျိုးသားစာပေဆု၊ သုတပဒေသာ (သိပ္ပံနှင့်အသုံးချသိပ္ပံဘာသာရပ်) ဆုရ စာရေးဆရာတစ်ဦး ဖြစ်သည်။

ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

၁။ အေဒီ ခြောက်ရာစု ယင်းမတိုင်မီ ရခိုင်ပြည်သုံးအက္ခရာ

ပရိတ်တရားများ၏ အကျိုးကျေးဇူးများ

မင်္ဂလသုတ်

အိမ်တက်မင်္ဂလာနှင့် အခြားမင်္ဂလာအခမ်းအနားတို့တွင် ရွတ်ဖတ်ကြသည်။ အမြဲရွတ်ဖတ်ခြင်းကြောင့် ဘေးရန်ကင်းရှင်းပြီး မင်္ဂလာကျက်သရေ တိုးတက်စေပါသည်။

ရတနသုတ်

ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ မကောင်းဆိုးဝါးဘေး၊ ရောဂါဘယဘေးတို့နှင့် တွေ့ကြုံသောအခါ ရွတ်ဖတ်ကြသည်။ အမြဲရွတ်ဖတ်ပါက ကပ်ကြီး ၃ ပါးနှင့် မကြုံတွေ့နိုင်ပေ။

မေတ္တသုတ်

မကောင်းဆိုးဝါးအခြောက်အလှန့်ခံရသောအခါ၊ မလိုမုန်းထားသူ ပေါများသောအခါ၊ အိပ်မက်ဆိုး၊ အတိတ်နိမိတ်ဆိုးများနှင့်ကြုံရသောအခါတွင် ရွတ်ဖတ်ကြသည်။ အမြဲရွတ်ဖတ်ပါက အထက်အဖြစ်အပျက်များကင်းလွတ်ပြီး လူ၊ နတ် အများချစ်ခင်ပါသည်။

ခန္ဓသုတ်

မြွေ၊ ကင်း နှင့် အခြားသားရဲတိရစ္ဆာန်များ ထူပေါသောအချိန်တွင် ရွတ်ဖတ်ကြသည်။ အမြဲရွတ်ဖတ်ပါက မြွေ၊ ကင်း နှင့် သားရဲတိရစ္ဆာန်များ ကိုက်ခဲခြင်းဘေးမှ ကင်းဝေးပြီး အခြားအန္တရာယ်ဆိုးများကိုလည်း ကာကွယ်နိုင်ပါသည်။

မောရသုတ်

ရန်သူဘေးရန် နီးကပ်သောအခါ ရွတ်ဖတ်ကြသည်။ အမြဲရွတ်ဖတ်ပါက သူတစ်ပါးသေကြောင်းကြံသော ဘေးအမျိုးမျိုးနှင့် အနှောင်အဖွဲ့ဘေးတို့မှ ကင်းလွတ်စေပြီး အသက်ရှည်စေပါသည်။

ဝဋ္ဋသုတ်

မီးဘေးနှင့်ကြုံတွေ့သောအခါ ရွတ်ဖတ်ကြသည်။ အမြဲရွတ်ဖတ်ပါက မိမိအိမ်ကို မီးကွင်းနိုင်ပါသည်။

ဓဇဂ္ဂသုတ်

ကြောက်မက်ဖွယ်ဘေးအန္တရာယ်တို့နှင့် ကြုံတွေ့ရသောအခါ ရွတ်ဖတ်ကြသည်။ အမြဲရွတ်ဖတ်ပါက ကြောက်ရွံ့အားငယ်စိတ်များကင်းဝေးပြီး ကြောက်လန့်ခြင်းဘေးအမျိုးမျိုးမှ ကင်းဝေးစေပါသည်။

အာဋာနဋိယသုတ်

အမှောင့်ပယောဂ ကပ်ချိန်နှင့် အခြားသော မကောင်းဆိုးဝါးများနှိပ်စက်သောအခါရွတ်ဖတ်ကြသည်။ အမြဲရွတ်ဖတ်ပါက မကောင်းသောကံကြမ္မာများမှ လွတ်ကင်းချမ်းသာနိုင်ပါသည်။

အင်္ဂုလိမာလသုတ်

ကိုယ်ဝန်သည်အမျိုးသမီးများ မီးဖွားရခက်ခဲသောအခါ ရွတ်ဖတ်ကြသည်။ အမြဲရွတ်ဖတ်ပါက ကိုယ်တွင်းရှိသမျှဘေးရန်တို့ ပျောက်ကင်းစေပြီး ကိုယ်ဝန်သည်အမျိုးသမီးများသည် မိမိရင်သွေးကို လွယ်ကူစွာအခက်အခဲမရှိ မွေးဖွားနိုင်ပါသည်။

ဗောဇ္စျင်္ဂသုတ်

မမာမကျန်းနှင့် အနာရောဂါဝေဒနာများ ဖြစ်သောအခါတွင် ရွတ်ဖတ်ကြသည်။ အမြဲရွတ်ဖတ်ပါက ရောဂါဝေဒနာဆိုးများ ပျောက်ကင်းချမ်းသာစေနိုင်ပါသည်။

ပုဗ္ဗဏှသုတ်

အတိတ်ဆိုး၊ နိမိတ်ဆိုးများ၊ ဂြိုလ်ဆိုး၊ ကြမ္မာဆိုးများနှင့် ကြုံတွေ့ပါက ရွတ်ဖတ်ကြသည်။ အမြဲရွတ်ဖတ်ပါက ချမ်းသာသုခနှင့်ပြည့်စုံနိုင်ပါသည်။

မေတ္တာပို့

၁။   လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၂။   ကြောက်တတ်မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၃။   မြင်အပ်မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၄။   ဝေးနေ နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၅။ ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၆။ ရှည်တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၈။ ဆူကြုံအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။

ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

ပုဗ္ဗဏသုတ် ပရိတ်တရား

၁၄၆။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနသ မေန္တု။

၁၄၇။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာ နုဘာဝေန ဝိနာသ မေန္တု။

၁၄၈။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ မေန္တု။

၁၄၉။ ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။ သောကပ္ပတ္တာ စ နိသောကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။

၁၅၀။ ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။ သဗ္ဗေ ဒေဝါ နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။

၁၅၁။ ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။ ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ ဂတာ။

၁၅၂။ သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။ အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။

၁၅၃။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၅၄။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၅၅။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၅၆။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗ ဗုဒ္ဓါ နုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၅၇။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗ ဓမ္မာ နုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၅၈။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗ သံဃာ နုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၅၉။ မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။ ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္မောဓိ မုတ္တမံ။ ဧတေန သစ္စဝဇ္ဇန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၆၀။ ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဎ္ဍနော။ ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။

၁၆၁။ အပရာဇိတပလ္လင်္ကေ၊ သီသေ ပုထု ဝိပုက္ခလေ။ အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။

၁၆၂။ သုနက္ခတ္ကံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။ သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။

၁၆၃။ ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။ ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။

၁၆၄။ ပဒက္ခိဏာနိ ကတွာန၊ လဘန္တတ္ထေ ပဒက္ခိဏေ။ တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရုဠှာ ဗုဒ္ဓသာသနေ။ အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗဟိ ဉာတိဘိ။

ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ။

မြန်မာပြန်

၁၄၆။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ် ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။

၁၄၇။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ် ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် တရားတော်မြတ်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။

၁၄၈။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ် ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် သံဃာတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။

၁၄၉။ ဒုက္ခရောက်နေကြသူအားလုံး ဒုက္ခကင်းကြပါစေ၊ ဘေးတွေ့နေကြသူအားလုံးသည်လည်း ထိုဘေးအန္တရာယ်တို့မှ လွတ်ကင်းကြပါစေ၊ စိုးရိမ်ပူပန်သောကဖြစ်နေကြသူအားလုံး စိုးရိမ်သောက ကင်းဝေးကြပါစေ။

၁၅၀။ အထက်တွင် ဖော်ပြခဲ့ပြီးသော စကားစဉ်ဖြင့် ကျွန်ုပ်တို့သည် ကောင်းမှုကို ဆည်းပူးခဲ့ကြသည်။ ဤသည်ကို နတ်အပေါင်းတို့က ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုခေါ်ကြပါကုန်။

၁၅၁။ အရာရာပြည့်စုံမှု ချမ်းသာမှု ရှိလာအောင် ယုံယုံကြည်ကြည်ဖြင့် လှူဒါန်းကြပါ၊ အကျင့်သီလ စောင့်ထိန်းကြပါ။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများကြပါ၊ ယခုအခါ၌ တရားနာ ရောက်နေကြသော နတ်အပေါင်းတို့ ပြန်သွားနိုင်ကြပါပြီ။

၁၅၂။ á€Ąá€Źá€¸á€á€ąá€Źá€şá€†á€šá€şá€•ဍးနသငအ် ပြည့်စုံတော်မူကြကုန်သော မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါဘုရားငယ်၊ ရဟန္တာအရှင်သူမြတ်တို့၏ ဉာဏဗလစွမ်းရည် တန်ခိုးဖြင့် အရပ်ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ဖွဲ့ပါ၏။

၁၅၃။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် ဘုရားရတနာသည်သာလျှင် ပို၍ မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြပါစေသတည်း။

၁၅၄။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် တရားရတနာသည်သာလျှင် ပို၍ မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြပါစေသတည်း။

၁၅၅။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် သံဃာရတနာသည်သာလျှင် ပို၍ မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြပါစေသတည်း။

၁၅၆။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ အားလုံးသော မြတ်စွာဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။

၁၅၇။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ အားလုံးသော တရားတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။

၁၅၈။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ အားလုံးသော သံဃာတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။

၁၅၉။ မဟာကရုဏာရှင် မြတ်စွာဘုရားသည် ကမ္ဘာသူ ကမ္ဘာသားအပေါင်း၏ အကျိုးစီးပွားအလို့ငှာ ပါရမီတော်ကို ဖြည့်ကျင့်တော်မူခဲ့သဖြင့် မြတ်လှစွာသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူခဲ့လေပြီ၊ ထိုသို့ မှန်သောသစ္စာစကားကို ဆိုရသောကြောင့် သင့်အား စီးပွားချမ်းသာ တိုးတက်ဖြစ်ထွန်းပါစေသတည်း။

၁၆၀။ သာကီဝင် မင်းအပေါင်းတို့၏ နှစ်သက်ဝမ်းမြောက်ခြင်းကို တိုးပွားစေသော မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ ထို့အတူ သင့်အား အောင်မြင်ခြင်း ဖြစ်စေသတည်း၊ အောင်သင့်အောင်အပ်သော မင်္ဂလာဟူသမျှ သင့်အား အောင်မြင် ရရှိပါစေသတည်း။

၁၆၁။ သဗ္ဗညူဘုရားအဆူဆူတို့ ဗုဒ္ဓါဘိသေကမင်္ဂလာ ခံယူရာလည်းဖြစ်သော ကမ္ဘာမြေအပြင်၌ အထူးတင့်တယ်၍ မြေတကာတို့၏ အဦးအထိပ်လည်း ဖြစ်သော အပရာဇိတပလ္လင်တော်၌ မြတ်စွာဘုရားသည် လူသုံးပါးတို့ထက် မြတ်သော ဘုရားအဖြစ်သို့ ရောက်သဖြင့် ဝမ်းမြောက်တော်မူခဲ့လေပြီ။

၁၆၂။ ဤနည်းအတူ သင့်အားလည်း နက္ခတ်ကောင်းကြုံပါစေ၊ မင်္ဂလာကောင်း ရှိပါစေ၊ ချမ်းမြေ့စွာ နံနက်မိုးသောက် အလင်းရောက်ပါစေ၊ ကောင်းစွာတိုးတက်ပါစေ၊ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့် ပြည့်စုံပါစေ၊ အကျင့်မြတ်ကို မပြတ်ကျင့်ကြံနေသော သူတော်ကောင်းတို့အား ကောင်းစွာ ပူဇော်ခြင်း ဖြစ်ပါစေသတည်း။

၁၆၃။ မြတ်သော ကိုယ်အမှု၊ မြတ်သောနှုတ်အမှု၊ မြတ်သော စိတ်အမှု ကိစ္စတို့ကို ဆောင်ရွက်ကြသည့်အတွက် မြတ်သော အကျိုးတရားတို့ကို ရကြကုန်၏၊ မြတ်သော အကျိုးတရားကို ရရှိသော သူတို့သည် ချမ်းချမ်းသာသာ ရှိကြကုန်၏၊ ထိုသူတို့သည် ဘုရားသာသနာ၌ ကြီးပွားတိုးတက်လာကြကုန်၏။ ထိုသူတို့သည် မိမိတို့ အဆွေအမျိုးတို့နှင့်အတူ ကျန်းမာချမ်းသာကြပါစေကုန်သော်။

၁၆၄။ လူခပ်သိမ်း၊ နတ်ခပ်သိမ်းတို့သည် မြတ်သော အမှုကိစ္စတို့ကို ဆောင်ရွက်ကြသည့်အတွက် မြတ်သော အကျိုးတရားတို့ကို ရကြကုန်၏။ မြတ်သော အကျိုးတရားတို့ကို ရရှိသော သူတို့သည် ချမ်းချမ်းသာသာ ရှိကြကုန်၏။ ထိုသူတို့သည် ဘုရားသာသနာ၌ ကြီးပွားတိုးတက်လာကြကုန်၏။ ထိုသူတို့သည် မိမိတို့ အဆွေအမျိုးတို့နှင့်အတူ ကျန်းမာချမ်းသာကြပါစေကုန်သော်။

ပုဗ္ဗဏှသုတ်မြန်မာပြန်ပြီး၏။

ဗောဇ္ဈင်္ဂသုတ် ပရိတ်တရား

၁၃၅။ သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခဝိနာသနေ။ သတ္တ ဓမ္မေ စ ဗောဇ္စျင်္ဂေ၊ မာရ သေနာပမဒ္ဒနေ။

၁၃၆။ ဗုဇ္စျိတွာ ယေ စိမေ သတ္တာ၊ တိဘဝါ မုတ္တ’ ကုတ္တမာ။ အဇာတိ’ မဇရာ’ ဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။

၁၃၇။ ဧ၀မာဒိဂုဏူပေတံ၊ အနေက ဂုဏ သင်္ဂဟံ။ သြသဓဥ္စ ဣမံ မန္တံ၊ ဗောဇ္စျင်္ဂဉ္စ ဘဏာမ ဟေ။

၁၃၈။ ဗောဇ္စျင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ဝိစယော တထာ။ ဝီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္စျင်္ဂါ စ တထာ’ ပရေ။

၁၃၉။ သမာ’ဓု ပေက္ခာ ဗောဇ္စျင်္ဂါ၊ သတ္တေ’ တေ သဗ္ဗဒဿိနာ။ မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။

၁၄၀။ သံ၀တ္တန္တိ အဘိညာယ၊ နိဗ္ဗာနယ စ ဗောဓိယာ။ ဧတနေ သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၄၁။ ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။ ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္စျင်္ဂေ သတ္တ ဒေသယိ။

၁၄၂။  တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံသု တင်္ခဏေ။ ဧတနေ သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၄၃။ ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာဘိ ပီဠိတော။ စုန္ဒတ္ထေရေန တံယေ၀၊ ဘဏာပေတွာန သာဒရံ။

၁၄၄။ သမ္မောဒိတွာန အာဗာဓာ၊ တမှာ ဝုဋ္ဌာသိ ဌာနသော။ ဧတနေ သစ္စ ဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၄၅။ ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟသေိနံ။ မဂ္ဂဟတာ ကိလေသာ၀၊ ပတ္တာ’ နုပ္ပတ္တိ ဓ’မ္မတံ။ ဧတနေ သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

ဗောဇ္စျင်္ဂသုတ္တံ နိဋ္ဌိတံ။

မြန်မာပြန်

(၁၃၅+၁၃၆+၁၃၇)။ သံသာရေ – သံသရာ၌။ သံသရန္တာနံ – ကျင်လည်ကြကုန်သော သတ္တဝါတို့၏။ သဗ္ဗဒုက္ခဝိနာသနေ – အလုံးစုံသော ဆင်းရဲကို ဖျက်စီးတတ်ကုန်သော။ မာရသေနာ ပမဒ္ဒနေ – မာရ်စစ်သည်ကို ဖျက်စီးတတ်ကုန်သော။ သတ္တ – ခုနစ်ပါးကုန်သော။ ဗောဇ္စျင်္ဂေ – ဗောဇ္စျင်္ဂ အမည်ရှိကုန်သော။

ယေ ဓမ္မေ – အကြင်တရားတို့ကို။ ဗုဇ္စျိတွာ – သိကုန်သောကြောင့်။ ဥတ္တမာ – မြတ်ကုန်သော။ ဣမေ သတ္တာ – ဤသတ္တဝါတို့သည်။ တိဘဝါ – ဘ၀သုံးပါးမှ။ မုတ္တကာ – လွတ်မြောက်ရကုန်သည်ဖြစ်၍။ အဇာတိံ- ပဋိသန္ဓေနေခြင်းမရှိသော။ အဇရံ – အိုခြင်းမရှိသော။ အဗျာဓိံ- ဖျားနာခြင်းမရှိသော။ အမတံ – သေခြင်းကင်းသော။ နိဗ္ဘယံ – ဘေးမရှိသော။ နိဗ္ဗာနံ – နိဗ္ဗာန်သို့။ ဂတာ – ရောက်ကြရကုန်ပြီ။ ဧ၀မာဒိဂုဏူပေတံ – ဤသို့ အစရှိသော အကျိုးဂုဏ်အင် အာနိသင်တို့နှင့် ပြည့်စုံသော။ အနေကဂုဏသင်္ဂဟံ – တစ်ပါးမက များလှစွာသော ဂုဏ်အပေါင်းတို့ဖြင့် ရေတွက်အပ်သော။ သြသဓဉ္စ – ရောဂါပျောက်ရေး၀ယ် ဆေးသဖွယ်လည်းဖြစ်သော။ မန္တဉ္စ – မြတ်သော မန္တာန်သဖွယ်လည်း ဖြစ်ပေထသော။ ဣမံ ဗောဇ္စျင်္ဂံ- ဤဗောဇ္စျင်သုတ် ပရိတ်တော်ကို။ ဟေ – အို သူတော်ကောင်းတို့။

မယံ – ငါတို့သည်။ ဘဏာမ – ရွတ်ကြကုန်အံ့။

(၁၃၈+၁၃၉+၁၄၀)။ သတိသင်္ခါတော – သတိဟုဆိုအပ်သော။ ဗောဇ္စျင်္ဂေါ စ – ဗောဇ္စျင်လည်းကောင်း။ ဓမ္မာနံ ဝိစယော စ – သစ္စာလေးပါး တရားတို့ကို အနိစ္စ အစရှိသော အခြင်းအရာဖြင့် ဆင်ခြင်တတ်သော ဓမ္မဝိစယ သမ္ဗောဇ္စျင်လည်းကောင်း။ တထာ – ထိုမှတပါး။ ဝီရိယံ စ – ဝီရိယမ္ဗောဇ္စျင်လည်းကောင်း။ ပီတိပဿဒ္ဓိဗောဇ္စျင်္ဂါ စ – ပီတိသမ္ဗောဇ္စျင် ပဿဒ္ဓိသမ္ဗောဇ္စျင်တို့လည်းကောင်း။ တထာ – ထို့ပြင်။ တထာပရေ – ထိုမှတပါးကုန်သော။ သမာဓုပေက္ခာ ဗောဇ္စျင်္ဂါ စ – သမာဓိသမ္ဗောဇ္စျင် ဥပေက္ခာသမ္ဗောဇ္စျင်တို့လည်းကောင်း။ ဣတိ – ဤသို့။ သတ္တ – ခုနစ်ပါးကုန်သော။ သဗ္ဗဒဿိနာ – အလုံးစုံသော တရားကို အကုန်သိတော်မူပြီးသော။ မုနိနာ – မြတ်စွာဘုရားသည်။ သမ္မာ – ကောင်းစွာ။ အက္ခတာ – ဟောတော်မူအပ်ကုန်သော။ ဧတေ – ထိုဗောဇ္စျင်တရားတို့သည်။ ဘာဝိတာ – ပွားများအပ်ကုန်သည်ရှိသော်။ ဗဟုလီကတာ – ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ကုန်သည်ရှိသော်။ အဘိညာယ စ – ထူးသော ဉာဏ်ဖြင့် သစ္စာလေးပါးကို သိခြင်းငှာ လည်းကောင်း။ နိဗ္ဗာနယ စ – နိဗ္ဗာန်အကျိုးငှာ လည်းကောင်း။ ဗောဓိယာ စ – မဂ်ဉာဏ် ဖိုဉာဏ် အကျိုးငှာ လည်းကောင်း။ သံ၀တ္တန္တိ – ဖြစ်ကုန်၏။ ဧတေန သစ္စဝဇ္ဇေန – ဤသစ္စာစကားကြောင့်။ တေ – သင့်အား။ သဗ္ဗဒါ – အခါခပ်သိမ်း။ သောတ္ထိ – ချမ်းသာခြင်းသည်။ ဟောတု – ဖြစ်ပါစေသတည်း။

(၁၄၁+၁၄၂)။ ဧကသ္မိံ သမယေ – တပါးသောအခါ၌။ နာထော – မြတ်စွာဘုရားသည်။ မောဂ္ဂလာနဉ္စ – မောဂ္ဂလာန်မထေရ်ကိုလည်းကောင်း။ ကဿပဉ္စ – ကဿပမထေရ်ကိုလည်းကောင်း။ ဂိလာနေ – မကျန်းမမာကုန်သော။ ဒုက္ခိတေ – ဆင်းရဲကုန်သော။ တေ – ထိုမထေရ်တို့ကို။ ဒိသွာ – မြင်တော်မူရ၍။ သတ္တ – ခုနစ်ပါးကုန်သော။ ဗောဇ္စျင်္ဂေ – ဗောဇ္စျင်တို့ကို။ ဒေသယိ – ဟောတော်မူပြီ။ တေ စ – ထိုမထေရ်မြတ်တို့သည်လည်း။ တံ – ထို ဗောဇ္စျင်ခုနစ်ပါး တရားတော်ကို။ အဘိနန္ဒိတွာ – အလွန်နှစ်သက်ကုန်၍။ တင်္ခဏေ – ထိုခဏ၌။ ရောဂါ – အနာရောဂါမှ။ မုစ္စိ ံသု – ပျောက်ကင်း လွတ်မြောက်ကြရကုန်ပြီ။ ဧတေန သစ္စဝဇ္ဇေန – ဤသစ္စာစကားကြောင့်။ တေ – သင့်အား။ သဗ္ဗဒါ – အခါခပ်သိမ်း။ သောတ္ထိ – ချမ်းသာခြင်းသည်။ ဟောတု – ဖြစ်ပါစေသတည်း။

(၁၄၃+၁၄၄)။ ဧကဒါ – အခါတပါး၌။ ဓမ္မရာဇာပိ – တရားမင်း ဘုရားရှင်သည်လည်း။ ဂေလညေန – ရောဂါဝေဒနာသည်။ အဘိပီဠိတော -အလွန်ပြင်းထန်စွာ နှိပ်စက်အပ်သည်ဖြစ်၍။ စုန္ဒတ္ထေရေန – စုန္ဒမထေရ်ကို။ တံ ယေ၀ – ထိုဗောဇ္စျင်တရား ခုနေတ်ာစ်ပါးကိုပင်လျှင်။ သာဒရံ – ရိုသေလေးစားခြင်းနှင့်တကွ။ ဘဏာပေတွာန – ဟောစေလတ်၍။ သမ္မောဒိတွာန – နှစ်လိုတော်မူ၍။ ဌာနသော – ဟောသောခဏ၌။ တမှာ အာဗာဓာ – ထိုအနာရောဂါမှ။ ဝုဋ္ဌာသိ – ထမြောက် ပျောက်ကင်းတော်မူ၏။ ဧတေန သစ္စဝဇ္ဇေန – ဤသစ္စာစကားကြောင့်။ တေ – သင့်အား။ သဗ္ဗဒါ – အခါခပ်သိမ်း။ သောတ္ထိ – ချမ်းသာခြင်းသည်။ ဟောတု – ဖြစ်ပါစေသတည်း။

(၁၄၅)။ တိဏ္ဏန္နမ္ပိ – သုံးပါးလည်း ဖြစ်ကုန်သော။ မဟေသီနံ – သီလက္ခန္ဓ စသည့်ကျေးဇူးဂုဏ်အထူးကို ဆည်းပူးရှာမှီး လေ့ကျင့်ပြီးကုန်သော အရှင်မြတ်တို့အား။ ပဟီနာ – ဗောဇ္စျင်တရား ခုနစ်ပါး၏ အာနုဘော်ဖြင့် ပယ်ရှားအပ်ကုန်ပြီးသော။

တေ စ အာဗာဓာ – ထိုအနာရောဂါတို့သည်လည်း။ မဂ္ဂါဟတာ – အရိယာမဂ်တရားတို့ဖြင့် ပယ်ရှားဖျက်ဆီးအပ်ကုန်သော။ ကိလေသာဝ – ကိလေသာတို့ကဲ့သို့။ အနုပ္ပတ္တိဓမ္မတံ – တဖန် မဖြစ် ပြန်ခြင်း သဘောရှိသည်၏ အဖြစ်သို့။ ပတ္တာ – ရောက်ကုန်ပြီ။ ဧတေန သစ္စဝဇ္ဇေန – ဤသစ္စာစကားကြောင့်။ တေ – သင့်အား။ သဗ္ဗဒါ – အခါခပ်သိမ်း။ သောတ္ထိ – ချမ်းသာခြင်းသည်။ ဟောတု – ဖြစ်ပါစေသတည်း။

ဗောဇ္စျင်္ဂသုတ်မြန်မာပြန်ပြီး၏။

ရွတ်ဖတ်ရကျိုး

ဗောဇ္ဈင်္ဂသုတ်ကို ရွတ်ဖတ်ခြင်းဖြင့် လူမမာများကို ရောဂါသက်သာစေသည်၊ ပျောက်ကင်းစေနိုင်သည်။ မူရင်း ဗောဇ္ဈင်သုတ် သုံးသုတ်ကိုတွဲ၍ ရွတ်လျှင် ပို၍ ကောင်းသည်။ သရဏဂုံ သုံးပါးနှင့် ငါးပါးသီလကို ဆောက်တည်၍ အကုသိုလ်ကင်းစင်နေချိန်တွင် ဗောဇ္ဈင်သုတ်ကို ယုံယုံကြည်ကြည်ရွတ်ဖတ်ပါက ဝေဒနာခံစားနေရသူများ ရောဂါ သက်သာပျောက်ကင်းနိုင်သည်။ 

အင်္ဂုလိမာလသုတ် ပရိတ်တရား

၁၃၂။ ပရိတ္တံ ယံ ဘဏန္တဿ၊ á€”á€­á€žá€­á€”á€šá€”á€‹á€šá€Œá€Źá€”á€“á€ąá€Źá€á€”á€śá‹ ဥဒကမ္ပိ ဝိနာသေတိ၊ သဗ္ဗမေဝ ပရိဿယံ။

၁၃၃။သောတ္ထိနာ ဂဗ္ဘဝုဋ္ဌာနံ၊ á€šá€‰á€šá€… သာဓေတိ တင်္ခဏေ။ ထေရဿင်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။ ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၁၃၄။ ယတော ဟံ ဘဂိနိ အရိယာယ၊ á€‡á€Źá€á€­á€šá€Ź ဇာတော၊ နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ၊ ဇီဝိတာ ဝေါရောပေတာ၊ တေန သစ္စန သောတ္ထိ တေ၊ ဟောတု သောတ္ထိ ဂဗ္ဘဿ။

အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။

မြန်မာပြန်

၁၃၂။ အိုသူတော်ကောင်းတို့ အကြင် အင်္ဂုလိမာလသုတ်တော်ကို ရွတ်ဆိုသော ပုဂ္ဂိုလ်၏ နေရာထိုင်ခုံကို ဆေး‌ကြောင်းဖြစ်သော ရေသော်မှလည်း အလုံးစုံသာလျှင် ဖြစ်သောဘေးရန်ကို ကင်းပျောက်စေနိုင်၏

၁၃၃။ အကြင် အင်္ဂုလိမာလသုတ်တော်သည် ပရိတ်ရွတ်စဉ် ထိုအခိုက်၌ပင် ချမ်းချမ်းသာသာဖြင့် ကိုယ်ဝန်မှထ မွေးဖွားရဖြင်းကိုလည်း ပြီးစေနိုင်ပေ၏ အင်္ဂုလိမာလမည်သော မထေရ်အား မြတ်စွာဘုရားသည် ဟောတော်မူအပ်သော ကမ္ဘာဆုံးသည်ထိ တည်တတ်သော သဘာဝရှိသော ကြီးမားသော အစွမ်းရှိသော ထိုအင်္ဂုလိမာလသုတ် ပရိတ်တော်ကို ငါတို့သည် ရွတ်ကြကုန်စို့။

၁၃၄။ နှမ ငါသည် အကြင်အခါမှစ၍ အရိယာဇာတ်ဖြင့် ဖြစ်ခဲ့၏။ ထိုအခါမှစ၍ သေစေလိုသော စေတနာဖြင့် အားထုတ်၍ သတ္တဝါကို ဇီဝိတိန္ဒြေမှ ချခဲ့ သတ်ခဲ့သည် ဟူ၍မသိပေ၊ ထိုသစ္စာစကားကြောင့် သင့်အားချမ်းသာခြင်းသည် ဖြစ်စေသတည်း။ သူငယ်၏ချမ်းသာခြင်းသည် ဖြစ်စေသတည်း။

အင်္ဂုလိမာလသုတ်မြန်မာပြန်ပြီး၏။

အာဋာနာဋိယသုတ် ပရိတ်တရား

၁၀၂။ အပ္ပသန္နေဟိ နာထဿ၊ သာသနေ သာဓုသမ္မတေ။ အမနုဿေဟိ စဏ္ဍေဟိ၊ သဒါ ကိဗ္ဗိသ ကာရိဘိ။

၁၀၃။ ပရိသာနံ စတဿန္နံ၊ အဟိံ သာယ စ ဂုတ္တိယာ။ ယံ ဒေသေသိ မဟာဝီရော၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၁၀၄။ ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။ သိခိဿပိ စ နမတ္ထု၊ သဗ္ဗဘူတာ နုကမ္ပိနော။

၁၀၅။ ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။ နမတ္ထု ကကုသန္ဓဿ၊ မာရသေနာ ပမဒ္ဒိနော။

၁၀၆။ ကောဏာဂမနဿ နမတ္ထု။ ဗြာဟ္မဏဿ ဝုသီမတော။ ကဿပဿ စနမတ္ထု၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။

၁၀၇။ အင်္ဂီရသဿ နမတ္ထု၊ သကျပုတ္တဿ သိရီမတော။ ယော ဣမံ ဓမ္မံ ဒေသေသိ၊ သဗ္ဗဒုက္ခာပနူဒနံ။

၁၀၈။ ယေ စာပိ နိဗ္ဗုတာ လောကေ၊ ယထာဘူတံ ဝိပဿိသုံ။ တေ ဇနာ အပိသုဏာ ထ၊ မဟန္တာ ဝီတသာရဒါ။

၁၀၉။ ဟိတံ ဒေဝနုဿာနံ၊ ယံ နမဿန္တိ ဂေါတမံ။ ဝိဇ္ဇာစရဏသမ္ပန္နံ၊ မဟန္တံ ဝီတသာရဒံ။

၁၁၀။ ဧတေ စညေ စ သမ္ဗုဒ္ဓါ၊ အနေကသတကောဋိယော။ သဗ္ဗေ ဗုဒ္ဓါ သမသမာ၊ သဗ္ဗေ ဗုဒ္ဓါ မဟိဒ္ဓိကာ။

၁၁၁။ သဗ္ဗေ ဒသဗလူပေတာ ဝေသာရဇ္ဇေဟု ပါဂတာ။ သဗ္ဗေ တေ ပဋိဇာနန္တိ၊ အာသဘံ ဌာန မုတ္တမံ။

၁၁၂။ သီဟနာဒံ နဒန္တေ တေ၊ ပရိသာသု ဝိသာရဒါ။ ဗြာဟ္မစက္ကံ ပဝတ္တန္တိ၊ လောကေ အပ္ပဋိဝတ္တိယံ။

၁၁၃။ ဥပေတာ ဗုဒ္ဓဓမ္မေဟိ၊ အဋ္ဌာရသဟိ နာယကာ။ ဗာတ္တိံသ လက္ခဏူပေတာ၊ သီတာနုဗျဉ္ဇနာ ဓရာ။

၁၁၄။ ဗျာမပ္ပဘာယ သုပ္ပဘာ၊ သဗ္ဗေ တေ မုနိကုဉ္ဇရာ။ ဗုဒ္ဓါ သဗ္ဗညုနော ဧတေ၊ သဗ္ဗေ ခီဏာသဝါ ဇိနာ။

၁၁၅။ မဟာပဘာ မဟာတေဇာ၊ မဟာပညာ မဟဗ္ဗလာ။ မဟာကာရုဏိကာ ဓီရာ၊ သဗ္ဗေသာနံ သုခါဝဟာ။

၁၁၆။ဒီပါ နာထာ ပတိဋ္ဌာ စ၊ တာဏာ လေဏာ စ ပဏိနံ။ ဂတီ ဗန္ဓူ မဟေဿာသာ၊ သရဏာ စ ဟိတေသိနော

၁၁၇။ သဒေဝကဿ လောကဿ သဗ္ဗေ ဧတေ ပရာယဏာ။ တေသာ ဟံ သိရသာ ပါဒေ၊ ဝန္ဒာမိ ပုရိသုတ္တမေ။

၁၁၈။ ဝစသာ မနသာ စေဝ၊ ဝန္ဒာမေ တေ တထာဂတေ။ သယနေ အာသနေ ဌာနေ၊ ဂမနေ စာပိ သဗ္ဗဒါ။

၁၁၉။ သဒါ သုခေန ရက္ကန္တု၊ ဗုဒ္ဓါ သန္တိကရာ တုဝံ။ တေဟိ တွံ ရက္ခိတော သန္တော။ မုတ္တော သဗ္ဗဘယေဟိ စ။

၁၂၀။ သဗ္ဗရောဂါ ဝိနီမုတ္တော၊ သဗ္ဗသန္တာပ ဝဇ္ဇိတော။ သဗ္ဗဝေရ မတိက္ကန္တော၊ နိဗ္ဗုတော စ တုဝံ ဘဝ။

၁၂၁။ တေသံ သစ္စေန သီလေန၊ ခန္တိမေတ္တာ ဗလေန စ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။

၁၂၂။ ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ သန္တိ ဘူတာ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။

၁၂၃။ ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊ သန္တိ ဒေဝါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။

၁၂၄။ ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊ သန္တိ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။

၁၂၅။ ဥတ္တရသ္မိံ ဒိသာဘာဂေ၊ သန္တိ ယက္ခာ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။

၁၂၆။ ပုရတ္ထိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရူဠှကော။ ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။

၁၂၇။ စတ္တောရော တေ မဟာရာဇာ၊ လောကပါလာ ယသဿိနော။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။

၁၂၈။ အာကာသဋ္ဌာ စ ဘူမဋ္ဌာ၊ ဒေဝါ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။

၁၂၉။ ဣဒ္ဓိမန္တော စ ယေ ဒေဝါ၊ ဝသန္တာ ဣဓ သာသနေ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။

၁၃၀။ သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေ ဘဝန္တန္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။

၁၃၁။ အဘိဝါဒန သီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။

အာဋာနာဋိယသုတ္တံ နိဋ္ဌိတံ။

မြန်မာပြန်

၁၀၂။ သူတော်ကောင်းအပေါင်းက ကောင်းပါပေသည်ဟု လက်ခံချီးကျူးထားသော မြတ်စွာဘုရား၏ သာသနာတော်ကိုပင် မကြည်ညိုမသက်ဝင်နိုင်ကြသော လူကြမ်း ဘီလူးတို့သည် ရက်စက်တတ်ကြကုန်၏။ မည်သည့်အခါမဆို နိုင်ထက်စီးနင်း နှိပ်စက်ကလူ ပြုတတ်ကြ၏။

၁၀၃။ ထိုဘီလူး လူကြမ်းတို့က ပရိတ်သတ်ကို မညှင်းဆဲ မနှိပ်စက်နိုင်စေရန်နှင့် သူတို့ကပင် ကူညီစောင့်ရှောက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကြီးမြတ်သောလုံ့လရှိတော်မူသော် မြတ်စွာဘုရားက ဤအာဋာနိဋိယ ပရိတ်တော်အရံအတားကို ဟောကြားတော်မူခဲ့ခြင်းဖြစ်ပေသည်။ ယခုအခါ၌ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း၍ ရွတ်ဆိုကြပါကုန်စို့။

၁၀၄။ စက္ခု ငါးပါးနှင့်ပြည့်စုံတော်မူသော ဘုန်းကျက်သရေနှင့်ပြည့်စုံတော်မူသော ဝိပဿီမြတ်စွာဘုရားအား အကျွန်ုပ်၏ဦးညွှတ်ရှိခိုးခြင်းဖြစ်ပါစေ။ သတ္တဝါ အားလုံးအပေါ် ကြင်နာသနားမှုဖြင့် အစဉ်သနား စောင့်ရှောက်တော်မူသော သိခီမြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ဦးညွှတ်ရှိခိုးမှုဖြစ်ပါစေ။

၁၀၅။ မကောင်းမှု အညစ်အကြေးကို ဆေးကြောသန့်စင်ပြီးဖြစ်သော ခြိုးခြံသော အကျင့်ကိုလည်း ကျင့်တော်မူသော ဝေဿဘူမြတ်စွာဘုရားအားလည်း အကျွန်ုပ်ရှိခိုးပါ၏။ မာရ်စစ်သည် အပေါင်းကို နှိမ်နှင်းအောင်မြင်တော်မူသော ကကုသန်မြတ်စွာဘုရားအားလည်း အကျွန်ုပ် ရှိခိုးပါ၏။

၁၀၆။ မကောင်းမှု ဟူသမျှအပ်ပြုပြီးသော ငါးပါးသောဝသီဘော်နှင့် ပြည့်စုံတော်မူသော ကောဏာဂုံ မြတ်စွာဘုရားအားလည်း အကျွန်ုပ်ရှိခိုးပါ၏။ ခပ်သိမ်းသောကိလေသာတို့မှ လွတ်ကင်းတော်မူပြီးသော ကဿပမြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ဦးညွှတ် ရှိခိုးခြင်းဖြစ်ပါစေ။

၁၀၇။ လူတို့၏ ဆင်းရဲဒုက္ခဟူသမျှကို ပယ်ဖျောက်နိုင်စွမ်းရှိသော တရားတော်မြတ်ကို ဟောကြားတော်မူပေ၏။ ကိုယ်တော်မှလည်း အရောင်အဝါကွန့်မြူးဖြာယှက် ထွက်တော်မူ၏။ ဘုန်းကျက်သရေနှင့်လည်း ပြည့်စုံတော်မူပေ၏။ သကျသာကီဝင်မင်းသားလည်း ဖြစ်တော်မူ၏။ ထိုဂေါတမမြတ်စွာဘုရားအား အကျွန်ုပ်၏ ဦးညွှတ်ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။

၁၀၈။ လောက၌ ငြိမ်းအေးကုန်ပြီးသော ဘုရားရှင်အဆူဆူတို့သည် ယထာဘူတကျကျသိကုန်၏။ ချောပစ်ကုန်းတိုက်သော စကားမျိုးကို မည်သည့်အခါမျှ ဆိုမိန့်တော်မမူ၊ ကြီးလည်းကြီးမြတ်ကုန်၏။ ကြောက်ရွံ့ခြင်းလည်း ကင်းကုန်၏။

၁၀၉။ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူ၍ မြတ်လှစွာသော ရဲရင့်ခြင်းအတိ ရှိတော်မူသော နတ်လူတို့၏ အစီးအပွားကိုဆောင်တော်မူတတ်သော ဂေါတမနွယ်ဖွား ရှင်တော်မြတ်ဘုရားကို ရှိခိုးဦးညွှတ်ကြပါကုန်၏။

၁၁၀။ ဝိပဿီ၊ သိခီ၊ ဝေဿဘူ ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဟူသော ဘုရားခုနှစ်ဆူတို့နှင့်တကွ အကုဋေမကများလှစွာသော ဘုရားရှင်အားလုံးတို့သည် ပစ္စေကဗုဒ္ဓါရဟန္တာများနှင့် တူတော်မမူကုန်။ ဆိုခဲ့ပါ သဗ္ဗညူ ဘုရားရှင်ချင်းသာ တူတော်မူကြကုန်၏။ ဘုရားရှင်အားလုံးပင် တန်ခိုးဣဒ္ဓိ လွန်စွာကြီးမားကြကုန်၏။

၁၁၁။ ခပ်သိမ်းကုန်သော ဘုရားရှင်တို့သည် အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူ၏။ ရဲရင့်သော ဝေသာရဇ္ဇဉာဏ်နှင့် ပြည့်စုံတော်မူကြ၏။ မြတ်သောယောကျ်ား ဥသဘဖြစ်တော်မူ၍ သဗ္ဗညုတဉာဏ်ကို ရရှိကြောင်း ဝန်ခံကြကုန်၏။

၁၁၂။ ဘုရားရှင်တို့သည် မည်သည့် ပရိတ်သတ်ဗိုလ်ပုံအလယ်၌ လွန်စွာရဲရင့်တော်မူကြ၏။ ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ရဲရဲရင့်ရင့်စကားဆိုကြ၏။ မည်သူ တဦးတယောက်မျှ မလည်မပတ်စေနိုင်သော ဓမ္မစကြာတရားတော် ကိုလည်း လည်ပတ်စေကုန်၏။ (ဟောကြားကုန်၏။)

၁၁၃။ ဘုရားရှင်တို့သည် လူသုံးပါးတို့၏ ခရီးလမ်းညွှန် ဖြစ်ကြ၏။ ဘုရား၏ကျေးဇူးတရား (၁၈) ပါးနှင့်ပြည့်စုံကြကုန်၏။ (၃၂) ပါးသော ယောကျ်ားမြတ်တို့၏လက္ခဏာတော်ကြီးတို့နှင့်လည်း ပြည့်စုံတော်မူကြ၏။ လက္ခဏာတော်ငယ် (၈ဝ) တို့နှင့်လည်း ပြည့်စုံတော်မူကြ၏။

၁၁၄။ ဘုရားရှင်ဟူသမျှ ကိုယ်တော်အလုံးမျှ တလံမျှလောက်ရောင်ခြည်တော် အမြဲထွက်လျက်ရှိ၏။ ရဟန်းဟူသမျှတို့ထက် ကြီးမြတ်၏။ ခပ်သိမ်းသောတရားကိုလည်း သိ၏။ ကိလေသာအာသဝေါလည်း ကင်း၏။ မာရ်ငါးပါးကိုလည်း အောင်ပြီးဖြစ်၏။

၁၁၅။ ဘုရားရှင်တို့သည် များစွာသော ရောင်ခြည်တော်၊ ကြီးသောတန်ခိုး၊ ထွတ်မြတ်သောပညာ၊ စွမ်းသန်သော ခွန်အား၊ အတိုင်းမသိသော ကရုဏာ၊ စွဲမြဲသောလုံ့လတို့ကို ပိုင်တော်မူကြ၏။ သတ္တဝါအများ ကောင်းကျိုးချမ်းသာကိုလည်း ဆောင်တော်မူတတ်ကြကုန်၏။

၁၁၆။ မြတ်စွာဘုရားရှင်တို့သည် သတ္တဝါအပေါင်းတို့၏ မှီခိုရာကျွန်းလည်း ဖြစ်၏။ ကိုးကွယ်ရာလည်းဖြစ်၏။ တည်ရာလည်းဖြစ်၏။ စောင့်ရှောက်ရာလည်းဖြစ်၏။ ဘေးအန္တရာယ်မှ ပုန်းကွယ်ရာလည်းဖြစ်၏။ လာရောက်ရာလည်း ဖြစ်၏။ ဆွေမျိုးသဖွယ်လည်းဖြစ်၏။

၁၁၇။ ထိုဘုရားရှင်တိုင်းသည် နတ်တို့၏ လဲလျောင်းရာ၊ လူတို့၏ မှီခိုရာ ဖြစ်ကြကုန်၏။ အကျွန်ုပ်သည် ယောကျ်ားဟူသမျှတို့ထက် သာလွန်မြင့်မြတ်တော်မူသော ထိုဘုရားရှင်တို့၏ ခြေတော်တို့ကို ဦးနှိမ် ရိုကျိုး ရှိခိုးပါ၏။

၁၁၈။ အကျွန်ုပ်သည် အိပ်နေသောအခါ၌ဖြစ်စေ၊ ထိုင်နေသောအခါ၌ဖြစ်စေ၊ ရပ်နေသောအခါ၌ဖြစ်စေ၊ လမ်းသွားနေသောအခါ၌ဖြစ်စေ၊ မည်သည့်အခါ၌မဆို ထိုဘုရားရှင်တို့အား နှုတ်ဖြင့်၎င်း စိတ်ဖြင့်၎င်အမြဲမပြတ် ရှိခိုးပါ၏။

၁၁၉။ ကိလေသာအပူအပေါင်းကိုငြိမ်းအေးအောင် ပြုတော်မူတတ်ကြကုန်သော ဘုရားရှင်တို့သည် သင့်ကို ချမ်းသာအောင် မပြတ်စောင့်ရှောက်ပါစေသတည်း။ ဘုရားရှင်တို့၏ အစောင့်အရှောက်ကိုခံယူရသော သင်သည် ငြိမ်သက်ချမ်းမြေ့ပါစေ။ ဘေးအန္တရာယ်ခပ်သိမ်းမှ ကင်းလွတ်ပါစေ။

၁၂၀။ သင်သည် အနာမရှိ ပကတိကျန်းမာသူ၊ ပူပန်ခြင်း ကင်းသူ၊ ရန်သူဟူသမျှကို လွတ်မြောက်နိုင်သူ၊ ငြိမ်းအေးချမ်းမြေသူ ဖြစ်ပါစေသတည်း။

၁၂၁။ ထိုဘုရားရှင်တို့သည် သီလ၊ သစ္စာ၊ ခန္တီ၊ မေတ္တာတို့၏ စွမ်းပကားဖြင့် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်သဖြင့်စောင့်ရှောက်ကြပါစေကုန်သတည်း။

၁၂၂။ အရှေ့မျက်နှာအရပ်၌ တန်ခိုးကြီးသော ဂန္ဓဗ္ဗနတ်တို့ ရှိကြကုန်၏။ ထိုနတ်တို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်တစိုက်စောင့်ရှောက်ကြပါစေကုန်သတည်း။

၁၂၃။ တောင်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော ကုမ္ဘဏ်နတ်တို့ ရှိကြကုန်၏။ ထိုနတ်တို့သည်လည်း ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်သဖြင့် စောင့်ရှောက်ကြပါစေကုန်သတည်း။

၁၂၄။ အနောက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော နဂါးတို့ရှိကြကုန်၏။ ထိုနဂါးတို့သည်လည်း ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်စောင့်ရှောက်ကြပါစေကုန်သတည်း။

၁၂၅။ မြောက်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသောဘီလူးတို့သည် ရှိကြကုန်၏။ ထိုဘီလူးတို့သည်လည်း ကျွန်ုပ်တို့ကို အစဉ်သဖြင့် စောင့်ရှောက်ကြပါစေကုန်သတည်း။

၁၂၆။ အရှေ့အရပ်မျက်နှာ၌ ဂန္ဓဗ္ဗနတ်တို့ကို အစိုးရသော ဓတရဋ္ဌနတ်မင်း၊ တောင်အရပ်မျက်နှာ၌ ကုမ္ဘဏ်တို့ကို အစိုးရသောဝိရူဠကနတ်မင်း၊ အနောက်အရပ်မျက်နှာ၌ နဂါးတို့ကိုအစိုးရသော ဝိရူပက္ခ နတ်မင်း၊ မြောက်အရပ်မျက်နှာ၌ ဘီလူးတို့ကို အစိုးရသော ကုဝေရနတ်မင်း။

၁၂၇။ ထိုနတ်မင်းကြီးလေးပါးတို့သည် လူတို့ကို စောင့်ရှောက်တတ်ကြကုန်၏။ အခြွေအရံလည်းများကုန်၏။ ထိုနတ်မင်းကြီးတို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။

၁၂၈။ ကောင်းကင်၌တည်သော နတ်များ၊ မြေ၌တည်သော နတ်များ၊ နဂါးများသည် တန်ခိုးအလွန်ကြီးကြသည်။ ထိုတန်ခိုးကြီးနတ်၊ နဂါးတို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။

၁၂၉။ တန်ခိုးကြီးသောနတ်တို့သည် ဤဘုရားသာသနာတော်၌ နေကြကုန်၏။ ထိုသာသနာစောင့်နတ်တို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။

၁၃၀။ ဘေးရန်ခပ်သိမ်းကင်းစေကုန်သတည်း။ စိုးရိမ်ကြောင့်ကြ ကင်းစေကုန်သတည်း။ အနာရောဂါဟူသမျှ ပျောက်စေကုန်သတည်း။ သင့်အား အန္တရာယ် တစုံတရာမဖြစ်စေသတည်း။ ချမ်းချမ်းသာသာနှင့် အသက်ရှည်စွာ နေရပါစေသတည်း။

၁၃၁။ ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ရှိသောသူ၊ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတို့ကို အမြဲမပြတ်ရိုသေလေးစားတတ်သူသည် အသက်ရှည်၏။ အဆင်းလှ၏၊ ချမ်းသာကြီးပွါး၏။ ခွန်အားဗလ တိုးတက်လေ၏။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဟူသော ဤကျေးဇူးတရားတို့သည် ထိုပုဂ္ဂိုလ်အဖို့ ထာဝစဉ် တိုးတက်လျက်သာနေကြကုန်သတည်း။

အာဋာနာဋိယသုတ်မြန်မာပြန်ပြီး၏။

ဓဇဂ္ဂသုတ် ပရိတ်တရား

၇၈။ ယဿာနုဿရဏေနာပိ၊ အန္တလိက္ခေပိ ပါဏိနော။ ပတိဋ္ဌမဓိဂစ္ဆန္တိ၊ ဘူမိယံ ဝိယ သဗ္ဗထာ။

၇၉။ သဗ္ဗုပဒ္ဒဝဇာလမှာ၊ ယက္ခစောရာဒိ သမ္ဘဝါ။ ဂဏာနာ န စ မုတ္တာနံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၈၀။ ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ။ ဝိဟရတိ ဇေတဝနေ၊ အနာထပိဏ္ဍိကဿ အာရာမေ။

၈၁။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ၊ ဘဒ္ဒန္တေတိ တေ ဘိက္ခူ – ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ၊ ဘူတပုဗ္ဗံ ဘိက္ခဝေ၊ ဒေဝါသုရသင်္ဂါမော၊ သမုပဗျူဠှော အဟောသိ။ အထ ခေါ ဘိက္ခဝေ သက္ကော ဒေဝါနမိန္ဒော။ ဒေဝေ တာဝတိံ သေ အာမန္တေသိ၊ သစေ မာရိသာ ဒေဝါနံ၊ သင်္ဂါမဂတာနံ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ မမေဝ တသ္မိံ သမယေ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ မမံ ဟိ ဝေါ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။

၈၂။ နော စေ မေ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ပဇာပတိဿ ဒေဝရာဇဿ- ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ပဇာပတိဿ ဟိ ဝေါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။

၈၃။ နော စေ ပဇာပတိဿ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ၀ရုဏဿ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ဝရုဏဿ ဟိ ဝေါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။

၈၄။ နော စေ ဝရုဏဿ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဤသာနဿ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ဤသာနဿ ဟိ ဝေါ ဒေဝရာဇဿ။ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတီ တိ။

၈၅။ တံ ခေါ ပန ဘိက္ခဝေ၊ သက္ကဿ ဝါ ဒေဝါနမိန္ဒဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ပဇာပတိဿ ဝါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ဝရုဏဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ဤသာနဿ ဝါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယေထာပိ နောပိ ပဟီယေထ။

၈၆။ တံ ကိဿ ဟေတု၊ သက္ကော ဟိ ဘိက္ခဝေ ဒေဝါနမိန္ဒော၊ အဝီတရာဂေါ အဝီတဒေါသော၊ အဝီတမောဟော၊ ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီတိ။

၈၇။ အဟဉ္စ ခေါ ဘိက္ခဝေ ဧဝံ ဝဒါမိ၊ သစေ တုမှာကံ ဘိက္ခဝေ၊ အရညဂတာနံ ဝါ ရုက္ခမူလဂတာနံ ဝါ၊ သုညာဂါရဂတာနံ ဝါ၊ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ မမေဝ တသ္မိံ သမယေ အနုဿရေယျာထ။

၈၈။ ဣတိပိ သော ဘဂဝါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော လောကဝိဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊ သတ္ထာဒေဝမနုဿာနံ။ ဗုဒ္ဓေါ ဘဂဝါ တိ။

၈၉။ မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။

၉၀။ နော စေ မံ အနုဿရေယျာထ၊ အထ ဓမ္မံ အနုဿရေယျာထ၊

၉၁။ သွာက္ခာတော ဘဂဝတာ ဓမ္မော၊ သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီတိ။

၉၂။ ဓမ္မံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ။ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။

၉၃။ နော စေ ဓမ္မံ အနုဿရေယျာထ၊ အထ သံဃံ အနုဿရေယျာထ။

၉၄။ သုပ္ပဋိပန္နော ဘဂဝါတော သာဝကသံဃော၊ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊ အဋ္ဌ ပုရိသပုဂ္ဂလာ၊ ဧသ ဘဂဝတော သာဝကသံဃော၊ အာဟုနေယျော ပါဟုနေယျော၊ ဒက္ခိဏေယျော အဉ္ဇလိကရဏီယော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿာတိ။

၉၅။ သံဃံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။

၉၆။ တံ ကိဿ ဟေတု၊ တထာဂတော ဟိ ဘိက္ခဝေ။ အရဟံ သမ္မောသမ္ဗုဒ္ဓေါ၊ ဝီတရာဂေါ ဝီတဒေါသော ဝီတမောဟော၊ အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီတိ။

၉၇။ ဣဒမဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော၊ အထာပရံ ဧတဒဝေါစ သတ္ထာ။

၉၈။ အရညေ ရုက္ခမူလေ ဝါ၊ သုညာဂါရေဝ ဘိက္ခဝေါ။ အနုဿရေထ သမ္ဗုဒ္ဓံ၊ ဘယံ တုမှာက နော သိယာ။

၉၉။ နော စေ ဗုဒ္ဓံ သရေယျာထ၊ လောကဇေဋ္ဌံ နရာသဘံ၊ အထ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ၊

၁၀၀။ နော စေ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။ အထ သံဃံ သရေယျာထ။ ပုညက္ခတ္တံ အနုတ္တရံ။

၁၀၁။ ဧဝံ ဗုဒ္ဓံ သရန္တာနံ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ၊ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော န ဟေဿတိ။

ဓဇဂ္ဂသုတ္တံ နိဋ္ဌိတံ။

မြန်မာပြန်

ဤဓဇဂ္ဂသုတ်ပရိတ်တော်ကို အောက်မေ့ဆင်ခြင်ကာမျှဖြင့် ကောင်းကင်၌ပင် တည်ခိုက်ကြုံသော်လည်း မြေပြင်မှာလို ခိုင်ခိုင်မြဲမြဲ တည်ခွင့်ရလေသည်။

ဤဓဇဂ္ဂသုတ် ပရိတ်တော်ကြောင့် ဘီလူးဘေး၊ ခိုးသူဘေးစသော ဘေးအန္တရာယ် အသွယ်သွယ်မှ လွတ်မြောက်ကြရသော လူတို့ကိုရေတွက်၍ မကုန်နိုင်ပါချေ။ ယခုအခါ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ကြပါကုန်စို့။

သံဃဥက္ကဋ္ဌ သံဃနာယက ဖြစ်တော်မူသော မဟာကဿပ အရှင်ဘုရား…. အကျွန်ုပ် အာနန္ဒာသည် ဤဓဇဂ္ဂသုတ် ပရိတ်တော်ကို မြတ်စွာဘုရားထံတော်မှ တိုက်ရိုက် ဤကဲ့သို့ ကြားနာ မှတ်သားထားလိုက်ပါ၏။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္တိပြည် အနာထပိဏ်သူဌေးကြီး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော ဇေတဝန် ကျောင်းကြီး၌ သီတင်းသုံးနေပါသည်။

ထိုသို့နေတော်မူစဉ်အခါ မြတ်စွာဘုရားက “ရဟန်းတို့” ဟူ၍ ရဟန်းအများကို ခေါ်တော်မူပါသည်။ ရဟန်းတို့လည်း မြတ်စွာဘုရား စကားတော်ကို ခံယူရန် အသင့်ဖြစ်ကြပါသည်။ ထိုအခါ မြတ်စွာဘုရားက ဤသို့မိန့်ကြား ဟောမြွက်တော်မူပါသည်။ “ချစ်သားတို့… ရှေးအခါက တာဝတိံသာနတ်နှင့် အသုရာ နတ်စစ်သည်တို့ စစ်ခင်းခဲ့ကြဖူး၏။ ထိုအခါ သိကြားမင်းသည် တာဝတိံသာနတ် စစ်သည်တို့ကို ခေါ်ယူပြီး ဤသို့ပြောကြားခဲ့၏။ “အမောင်နတ်သားတို့၊ သင်တို့သည် စစ်မြေပြင်မှာ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ဖြစ်ခဲ့သည် ရှိသော် ငါသိကြားမင်း၏ တံခွန်ဖျားကို မော်၍ ကြည့်လိုက်ကြကုန်လော့။ ဤသို့ ကြည့်လိုက်ပါလျှင် သင်တို့ အကြောက်ပြေကြလိမ့်မည်။ မတုန်မလှုပ် ရဲရင့်လာကြလိမ့်မည်။ ကြက်သီးမွေးညှင်း ထခြင်းများလည်း ပြေပျောက်သွားကြလိမ့်မည်”။

“အကယ်၍ ငါ၏တံခွန်ဖျားကို မော်၍ မကြည့်ဖြစ်လျှင် ပဇာပတိ နတ်မင်း၏ တံခွန်ဖျားကို မော်၍ ကြည့်ကြ၊ ဤသို့ ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို ကြည့်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ပျောက်ကင်းသွားလိမ့်မည်”။

“အကယ်၍ ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို မကြည့်ဖြစ်ခဲ့သော် ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မော်၍ကြည့်ကြ၊ ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မော်၍ကြည့်ဖြစ်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း ၊ ကြက်သီးမွေးညှင်း ထခြင်းများ ပြေပျောက်သွားပေလိမ့်မည်”။

“အကယ်၍ ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မကြည့်ဖြစ်ခဲ့သော် ဤသာနနတ်မင်း၏ တံခွန်ဖျားကို မော်၍ ကြည့်ကြ၊ ဤသာနနတ်မင်း၏တံခွန်ဖျားကို မော်၍ကြည့်ဖြစ်ကြလျှင် ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ပြေပျောက်သွားပေလိမ့်မည်။” ဤသို့လျှင် သိကြားမင်းက တာဝတိံသာနတ်တို့ကို အသိပေးလေ၏။

ချစ်သားရဟန်းတို့… နတ်တို့အရှင် သိကြားမင်း၏ တံခွန်ဖျားကို မော်၍ကြည့်သောနတ်များ၊ သို့တည်းမဟုတ် ပဇာပတိနတ်မင်း၊ ဝရုဏနတ်မင်း၊ ဤသာနနတ်မင်းတို့၏ တံခွန်ဖျားကို မော်၍ ကြည့်သော နတ်များအား ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ပျောက်သော်လည်း ပျောက်မည်၊ မပျောက်ဘဲလည်း နေချင်နေလိမ့်မည်။

အကြောင်းမူကား နတ်တို့အရှင် သိကြားမင်းလည်း ရာဂကင်းသူ မဟုတ်၊ ဒေါသကင်းသူ မဟုတ်၊ မောဟကင်းသူ မဟုတ်၊ သူကိုယ်နှိုက်က ကြောက်တတ်၏။ တဆတ်ဆတ်တုန်တတ်၏။ လန့်ဖျပ်တတ်၏။ ထွက်ပြေးတတ်၏ ။

ချစ်သားရဟန်းတို့… ငါဘုရားသည်ကား မလွဲဧကန် ဤသို့ ဟောပေအံ့၊ ရဟန်းတို့အနေနှင့် တောထဲ၌ တစ်ပါးတည်း နေသောအခါ သစ်ပင်ရင်း၌ နေသောအခါ ဆိတ်ငြိမ်ရာအရပ်များ၌ နေသောအခါများ၌ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း တစ်ခုခုဖြစ်လာခဲ့လျှင် ဘုရားဂုဏ်တော်ကို ဤသို့ အောက်မေ့ကြကုန်လော့။

မြတ်စွာဘုရားသည် ကိလေသာတို့မှ ကင်းဝေးတော်မူ၏။ ကိလေသာ ရန်သူတို့ကို ပယ်သတ်ပြီး ဖြစ်၏။ သံသရာ စက်ဝန်း၏ အကန့်အထောက်များကို ဖျက်ဆီးပြီး ဖြစ်၏။ ပစ္စည်းလေးပါး ပူဇော်အထူးကို ခံယူတော်မူထိုက်၏။ ဆိပ်ကွယ်ရာ အရပ်၌ပင်လျှင် မကောင်းမှုဒုစရိုက်ကို ရှောင်တော်မူ၏။

သို့ဖြစ်၍ “အရဟံ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။

မြတ်စွာဘုရားသည် ကောင်းမွန်လှစွာ သယမ္ဘူဉာဏ် မြတ်မဟာဖြင့် မိမိအလိုလို သစ္စာလေးပါး တရားမြတ်ကို ထိုးထွင်း၍ သိတော်မူ၏။ သို့ဖြစ်၍ “သမ္မာသမ္ဗုဒ္ဓ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။

မြတ်စွာဘုရားသည် á€á€­á€‡á€šá€‡á€Źá€žá€Żá€śá€¸á€•ဍး၊ ဝိဇ္ဇဦရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူပါပေ၏။ သို့ဖြစ်၍ “ဝိဇ္ဇာစရဏသမ္ပန္န” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။

မြတ်စွာဘုရားသည် နိဗ္ဗာန်သို့သာလျှင် ဖြောင့်ဖြောင့်မတ်မတ် ကောင်းစွာသွားတော်မူ၏။ စကားဆိုရန် ခွန်းခြောက်တန်တို့တွင် ဟုတ်မှန်ကျိုးကြောင်း စကားကောင်းကိုသာ ဆိုတော်မူတတ်၏။ သို့ဖြစ်၍ “သုဂတ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။

မြတ်စွာဘုရားသည် ကာမလောက၊ ရူပလောက၊ အရူပလောက ဟူသော လောကသုံးပါး၊ တစ်နည်းအားဖြင့် သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက ဟူသော လောကကြီးသုံးပါးတို့ကို မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူ၏။ သို့ဖြင့်၍ “လောကဝိဒူ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။

မြတ်စွာဘုရားသည် မိမိကိုယ်တိုင်လည်း အတုမရှိ သူတစ်ပါးတို့အားလည်း အတုမရှိသော မိမိ၏တရားဖြင့် ဆုံးမတတ်၏။ ဆုံးမထိုက်သောလူ၊ နတ်၊ ဘီလူး၊ တိရိစ္ဆာန်ကြမ်းများကိုပင် သေဝပ် ငြိမ်သက်အောင် နိုင်နင်းစွာ ဆုံးတော်မူနိုင်၏။ သို့ဖြစ်၍ “အနုတ္တရော ပုရိသဒမ္မသာရထိ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။

မြတ်စွာဘုရားသည် လူအပေါင်း နတ်အပေါင်းတို့အား ကောင်းစွာ သွန်သင်ဆုံးမတတ်သော လူနတ်တို့၏ ဆရာကောင်း ဖြစ်တော်မူ၏။ သို့ဖြစ်၍ “သတ္ထာဒေဝမနုဿာန” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။

မြတ်စွာဘုရားသည် တရားအားလုံးကို ကိုယ်တိုင်လည်း ထိုးထွင်းသိမြင်တော်မူ၏။ သူတစ်ပါးတို့အားလည်း သစ္စာလေးပါး တရားကို သိမြင်အောင် ဟောပြော ပြသနိုင်၏။ သို့ဖြစ်၍ “ဗုဒ္ဓ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။

မြတ်စွာဘုရားသည် အစိုးရခြင်း၊ တရားရှိခြင်း၊ အခြံအရံမျာခြင်း၊ ကျက်သရေရှိခြင်း၊ အလိုအတိုင်း ဖြစ်ခြင်း၊ လုံ့လ စွမ်းအား အပြည့်ရှိခြင်း ဟူသော ဘုန်းတော် ခြောက်ပါးနှင့်လည်း ပြည့်စုံတော်မူပါပေ၏။ သို့ဖြစ်၍ “ဘဂဝါ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။

ဤကဲ့သို့ ငါဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ဆင်ခြင်အောက်မေ့ကြလော့။ ဘုရားဂုဏ်ကို ဆင်ခြင် အောက်မေ့မိသည် ရှိသော် သင်တို့အား ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း ဟူသမျှ ပျောက်ကင်းသွားပေလိမ့်မည် ။

အကယ်၍ ဘုရားဂုဏ်တော်ကို မဆင်ခြင် မအောက်မေ့မိသည်ရှိသော် မြတ်စွာဘုရား ဟောကြားထားသော တရားတော်၏ ဂုဏ်တော်ကို ဤသို့အောက်မေ့သတိရကြ။

တရားတော်သည် မြတ်စွာဘုရားက ကောင်းစွာ ဟောကြားထားသော တရားတော် ဖြစ်သောကြောင့် “သွာက္ခာတ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။

တရားတော်သည် မျက်မှောက်၌ပင် ကောင်းကျိုးချမ်းသာကို ပေးတတ်သောကြောင့် “သန္ဒိဋ္ဌိက” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။

တရားတော်သည် အခါမလင့် အကျိုးပေးတတ်သောကြောင့် “အကာလိက” ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။

တရားတော်သည် လာပါ၊ ရှုပါ၊ ကျင့်ကြံပါ ဟူ၍ မပါပါအောင် ခေါ်ဆောင် တိုက်တွန်း ပြညွှန်းခြင်းငှာ ထိုက်သောကြောင့် “ဧဟိပဿိက” ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။

တရားတော်သည် လူတို့အား နတ်ရွာနိဗ္ဗာန်သို့ ပို့ဆောင်ပေးတတ်သောကြောင့် “ဩပနေယျိက” ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။

တရားတော်သည် ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်းတို့အနေဖြင့် အသီးသီး တစ်ဦးစီ တစ်ဦးစီ မိမိတို့၏ စိတ်၌ ကပ်၍ ဆောင်ထားထိုက်သောကြောင့် “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏ ။

ဤသို့လျှင် တရားတော်၏ဂုဏ်တော်ကို ဆင်ခြင် အောက်မေ့မိသောသူအား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း ဟူသမျှ လုံးဝ ပျောက်ကင်းသွားပေလိမ့်မည်။

အကယ်၍ ဘုရားဂုဏ်တော်ကိုသော်၎င်း၊ တရားဂုဏ်တော်ကိုသော်၎င်း မဆင်ခြင် မအောက်မေ့ဖြစ်ပါက မြတ်စွာဘုရား၏ တပည့်သား သံဃာတော်၏ ဂုဏ်ကျေးဇူးကို အောက်မေ့ရာ၏။

မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် နိဗ္ဗာန်အကျိုးငှာ ကောင်းသောအကျင့်ကိုသာ ကျင့်တော်မူတတ်ပေ၏။ သို့ဖြစ်၍ “သုပ္ပဋိပန္န” ဟူသောဂုဏ် ရှိပေ၏။

သံဃာတော်သည် နိဗ္ဗာန်မဂ်ဖိုလ် ရရှိရေးအတွက် ဖြောင့်မတ်စွာ လမ်းမှန်သော အကျင့်ကိုသာ ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍ “ဥဇုပ္ပဋိပန္န” ဟူသောဂုဏ် ရှိပေ၏။

သံဃာတော်သည် နိဗ္ဗာန်ရရှိရေးနှင့် သင့်လျော်လောက်ပတ်သော အကျင့်ကိုသာ ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍ “ဉာယပ္ပဋိပန္န” ဟူသောဂုဏ် ရှိပေ၏။

သံဃာတော်သည် အရိုအသေပြုခြင်းကို ခံယူထိုက်အောင် အကျင့်သီလကို ကောင်းစွာ ဖြည့်ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍ “သာမိစိပ္ပဋိပန္န” ဟူသောဂုဏ် ရှိပေ၏။

ထိုဘုရားတပည့် အရိယာသံဃာသည် (အချုပ်အားဖြင့်) အရေအတွက်(၄)စုံ၊ ပုဂ္ဂိုလ်(၈)ယောက် ရှိပေ၏။ ထိုသံဃာတော်သည် အဝေးမှ တကူးတက ဆောင်ယူ၍ ပူဇော်သမှု ပြုခြင်းကိုလည်း ခံယူထိုက်၏။ သို့ဖြစ်၍ “အာဟုနေယျ” ဟူသောဂုဏ် ရှိပေ၏။

ဧည့်သည်တို့အား ရည်စူး၍ အထူးပြုလုပ်ထားသော ပစ္စည်းဝတ္ထုတို့ကိုလည်း မိမိအား လှူလျှင် ကောင်းစွာ ခံယူထိုက်၏။ သို့ဖြစ်၍ “ပါဟုနေယျ” ဟူသောဂုဏ် ရှိပေ၏။

လောက၌ အမြတ်ဆုံး အကောင်းဆုံးဖြစ်သော အလှူကိုလည်း ထိုက်ထိုက်တန်တန် ခံယူနိုင်ပေ၏။ သို့ဖြစ်၍ “ဒက္ခိဏေယျ” ဟူသောဂုဏ် ရှိပေ၏။

လူနတ်တို့၏ ရှိခိုးခြင်းကိုလည်း ခံထိုက်၏။ သို့ဖြစ်၍ “အဉ္ဇလိကရဏီယ” ဟူသောဂုဏ် ရှိပေ၏။

လူတို့က ကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးရာ ကြဲချရာ အတုမရှိ လယ်မြေကောင်းသဖွယ်လည်း ဖြစ်၏။ သို့ဖြစ်၍ “အနုတ္တရံ ပုညက္ခေတ္တံ လောကဿ” ဟူသောဂုဏ် ရှိပေ၏။

ဤသို့လျှင် သံဃာတော်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ဆင်ခြင်အောက်မေ့ရာ၏။ သံဃာ့ဂုဏ်သို့ စိတ်ညွှတ်၍ အာရုံပြုမိသော သင်တို့အား ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းဟူသမျှ ကင်းပျောက်သွားလိမ့်မည်။

ထိုစကားမှန်ပေ၏။ အကြောင်းမူကား ဝိပဿီ စသော ရှေးရှေးသော ဘုရားရှင်များနည်းတူ ကောင်းစွာ ပွင့်ထွန်းလာသော ငါဘုရားသည် လူသူလေးပါးကင်းသည့် ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို မပြုမလုပ်၊ ကောင်းစွာ ကိုယ်တိုင် သစ္စာတရားမြတ်ကို ထိုးထွင်းသိမြင်ပြီးဖြစ်၏။ တဏှာရာဂ လုံးဝကင်း၏။ အမျက်ဒေါသ လုံးဝကင်း၏။ မသိမောဟ လုံးဝ ကင်း၏။ ကြောက်လည်း မကြောက်တတ်၊ အကြောက်အလန့် မရှိ၊ ကြောက်၍တုန်လှုပ်သည်ဟူ၍ လုံးဝမရှိ၊ မထိတ်တတ်၊ မလန့်တတ်၊ ကြောက်လန့်၍ ထွက်ပြေးသည် ဟူ၍လည်း ဘယ်အခါမျှမရှိ။ ထို့ကြောင့် ဤသို့သော ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို အာရုံညွှတ်၍ ကြည်ညိုစိတ်ထား ပွားများသူများမှာ ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်းထခြင်းဟူသမျှ ကင်းပျောက်ရမြဲ ဖြစ်လေ၏ ။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ ထို့နောက်ဆက်လက်၍ ဤသို့တဖန် မိန့်ကြားတော်မူပြန်၏ –

ချစ်သားရဟန်းတို့… သင်တို့သည် တော၌ဖြစ်စေ၊ သစ်ပင်ရင်း၌ဖြစ်စေ၊ ဆိတ်ကွယ်ရာအရပ်၌ ဖြစ်စေ (နေခိုက်) ဘုရားဂုဏ်တော်ကို သတိရကြ၊ သတိရလျှင် သင်တို့ မကြောက်မရွံ့ နေနိုင်ကြလတ္တံ ။

လူနတ်တို့၏ အကြီးအမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား၏ ဂုဏ်တော်ကို မဆင်ခြင် မအောက်မေ့ ဖြစ်ကြလျှင် သံသရာမှ ထွက်မြောက်ကြောင်း ကောင်းစွာဟောကြားထားသော တရားတော်၏ ဂုဏ်ကို သတိရကြ။

တရားတော်၏ဂုဏ်ကို အမှတ်မရကြလျှင် ကောင်းမှုမျိုးစေ့ စိုက်ပျိုးရာ အတုမရှိ လယ်မြေကောင်းနှင့်တူသော သံဃာတော်၏ ဂုဏ်ကို ဆင်ခြင်ပွားများကြ။

ဤကဲ့သို့ မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ၊ တရားတော်မြတ်၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ၊ သံဃာတော်၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ ဆင်ခြင်အောက်မေ့သည်ရှိသော် ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း ဟူသမျှ လုံးဝ မဖြစ်ပေါ်လတ္တံ။

ဓဇဂ္ဂသုတ်မြန်မာပြန်ပြီး၏။

ရွတ်ဖတ်ရကျိုး

ဤသုတ်ကို ရွတ်ဖတ်ပွားများလျှင် ပိုမို၍ ဉာဏ်ကောင်းလာစေနိုင်သည်။ မည်သည့်နေရာသို့ဖြစ်စေ နေ့နေ့ညည တစ်ယောက်တည်း သွားရဲလာရဲ နေရဲစေသည်။ စိတ်တန်ခိုးလည်း ကြီးလာလိမ့်မည်။ ပရိသတ်အလယ်မှာ ပြောရဲဆိုရဲ ရှိလာနိုင်သည်။ မိမိ၏ ဘဝအခြေအနေ ခိုင်မြဲစေသည်။ ရာထူး တည်မြဲရေး၊ စည်းစိမ် တည်မြဲရေးအတွက် အကျိုးပြုလိမ့်မည်။ (ဘုရား၊ တရား၊ သံဃာဂုဏ်တော် များကို သီးသန့် ပွားများနိုင်သည်။)

ဝဋ္ဋသုတ် ပရိတ်တရား

၇၂။ ပူရေန္တံ ဗောဓိ သမ္ဘာရေ၊ နိဗ္ဗတ္တံ ဝဋ္ဋဇာတိယံ။ ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ္တံ ဝိဝဇ္ဇယိ။

၇၃။ ထေရဿ သာရိပုတ္တဿ၊ လောကနာထေန ဘာသိတံ။ ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၇၄။ အတ္ထိ လောကေ သီလဂုဏော၊ သစ္စံ သောစေယျ’ နုဒ္ဒယာ။ တေန သစ္စေန ကာဟာမိ၊ သစ္စ ကိရိယ’ မုတ္တံ။

၇၅။ အာဝဇ္ဇေတွာ ဓမ္မ ဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။ သစ္စ ဗလ’ မဝဿာယ၊ သစ္စ ကိရိယ မကာသဟံ။

၇၆။ သန္တိ ပက္ခာ အပတနာ၊ သန္တိ ပါဒါ အဝဥ္စနာ။ မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။

၇၇။ သဟ သစ္စေ ကတေ မယှံ၊ မဟာ ပဇ္ဇလိတော သိခီ။ ဝဇ္ဇေသိ သောဠသ ကရီသာနိ၊ ဥဒကံ ပတွာ ယထာ သိခီ။ ဥဒကံ ပတွာ ယထာ သိခီ။ သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စ ပါရမီ။

ဝဋ္ဋသုတ္တံ နိဋ္ဌိတံ။

မြန်မာပြန်

၇၂။ သဗ္ဗညုတဉာဏ်ကို ရရှိခြင်း၏ အခြေခံဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်သော ဘုရားအလောင်းသည် နုစဉ်ဘဝက ငုံးငှက်မျိုး၌ ဖြစ်ရလေသည်။ ငုံးငယ်ကို ဤပရိတ်တော်၏ တန်ခိုးကြောင့် တောမီးကွင်းရလေ၏။

၇၃။ ဤပရိတ်တော်ကို အရှင်သာရိပုတ္တရာအား မြတ်စွာဘုရား ဟောတော်မူခဲ့၏။ ဤပရိတ်တော်သည် ကမ္ဘာတည်လိမ့်မည်။ တန်ခိုးလွန်စွာကြီး၏။ ယခုအခါ ထိုငုံးမင်းပရိတ်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆို ကြပါစို့။

၇၄။ လောက၌ သီလ၏ဂုဏ်ကျေးဇူးသည် ရှိ၏။ မှန်ကန်သော သစ္စာစကားသည် ရှိ၏။ ကိုယ်ရေး နှုတ်ရေး စိတ်ရေး လုံးဝစင်ကြယ်ခြင်းသည် ရှိပေ၏။ သတ္တဝါတို့အား ကြင်နာသနားခြင်းသည် ရှိပေ၏။ ဤသို့သော သစ္စာစကားဖြင့် အတုမရှိသော သစ္စာပြုခြင်းကို ငါဘုရား နုစဉ်က ပြုခဲ့ဖူးလေပြီ။

၇၅။ သစ္စာတရား၏ စွမ်းပကားကို ဆင်ခြင်သုံးသပ်ပြီး ရှေးရှေးသောဘုရားရှင်တို့ကို အောက်မေ့သတိရပြီး သစ္စာ၏အစွမ်းကို အမှီပြု၍ သစ္စာပြုခဲ့ဖူးလေပြီ။

၇၆။ အို တောမီး ငါ့မှာ အတောင်တို့ ရှိပါသော်လည်း မပျံနိုင်သေးပါ၊ ငါ့မှာ ခြေတို့ ရှိပါသော်လည်း မသွားတတ်သေးပါ၊ ငါ၏ မိဘတို့သည်လည်း ငါ့ကိုထား၍ ထွက်သွားကြလေပြီ၊ အို တောမီး ငါ့ကို ဖဲကြဉ်ပါလော့။

၇၇။ ချစ်သားသာရိပုတ္တရာ ငါဘုရားအလောင်း ငုံးငယ်က သစ္စာပြုလိုက်သောအခါ သစ္စာပြုပြီးသည်နှင့် တပြိုင်နက် တောမီးသည် ရေသို့ရောက်၍ ဖဲကြဉ်ရသကဲ့ သို့ ငါ့ကို ဖဲကြဉ်လေ၏၊ အရှိန်အလျှံကြီးမားလှသော တောမီးသည် မင်းပယ် ၁၆-ပယ်စာခန့်မျှ ကွင်းလေ၏။ ချစ်သားသာရိပုတ္တရာ ငါ၏သစ္စာစကားနှင့်တူသော တရားမည်သည် မရှိချေ၊ ဤပါရမီကား ငါဘုရား၏ သစ္စာ ပါရမီပင် ဖြစ်တော့သည်။

ဝဋ္ဋသုတ်မြန်မာပြန်ပြီး၏။

ရွတ်ဖတ်ရကျိုး

မီးဘေးလွတ်ကင်းစေနိုင်ပါသည်။ မိမိကိုယ်တိုင် မီးဘေး မသင့်ရအောင်၊ မိမိအိမ် မိမိရပ်ကွက် မီးဘေးကင်း အောင် သစ္စာပြုနိုင်သည်။

မောရသုတ် ပရိတ်တရား

၆၆။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။ ယေန သံဝိဟိတာ ရက္ခံ၊ မဟာသတ္တံ ဝနေစရာ။

၆၇။ စိရဿံ ဝါယမန္တာပိ၊ နေဝ သက္ခိံသု ဂဏှိတုံ။ ဗြဟ္မမန္တ န္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၆၈။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿ ဝဏ္ဏော ပထဝိပ္ပဘာသော။ တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ၊

၆၉။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။ နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ၊ ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ။

၇၀။ အပေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။ တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။

၇၁။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။ နမတ္တု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။ ဣမံ သော ပရိတ္တံ ကတွာ၊ မောရော ဝါသ မကပ္ပယိ။

မောရသုတ္တံ နိဋ္ဌိတံ။

မြန်မာပြန်

၆၆။ သဗ္ဗညုတ ဉာဏ်တော်၏ အခြေခံ အဆောက်အဦဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်တော်မူစဉ်အခါ ဥဒေါင်းမျိုး၌ ဖြစ်တော်မူခိုက် ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤမောရပရိတ်ဖြင့် မိမိကိုယ်ကို ဘေးအန္တရာယ်ကင်းအောင် စီစဉ်ထားလေသည်။

၆၇။ မုဆိုးတို့သည် ဘုရားအလောင်း ဥဒေါင်းမင်းကို ဖမ်းယူရန် နှစ်ပေါင်းများစွာကြိုးစားခဲ့ကြသော်လည်း ဖမ်း၍မရနိုင်ကြကုန်။ ဤမောရပရိတ်ကို မြတ်သောမန္တရား ဟူ၍ပင် မြတ်စွာဘုရား ဟောကြားခဲ့၏။ ယခုအခါ ဤမောရ ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါကုန်စို့။

၆၈။ နေမင်းသည် လူတို့၏ မျက်စိသဖွယ်လည်း ဖြစ်၏။ ပြိုင်ဘက်ကင်းသော မင်းလည်းဖြစ်၏။ ရွှေ အဆင်းနှင့်တူသော အဆင်းလည်းရှိ၏။ မြေပြင်တခုလုံးကိုထွန်းပသော အလင်းရောင်လည်းရှိ၏။ ယခု ဤနေမင်းသည် တက်လတ်ပေ၏။ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌ထွန်းလင်းတောက်ပသော ဤနေမင်းကို ရှိခိုးပါ၏။ ရိုသေပါ၏။ ယနေ့တနေ့လုံး အသင်နေမင်း၏အစောင့်အရှောက်ကို ခံယူပြီး ကျွန်ုပ်နေပါအံ့။

၆၉။ မြတ်စွာဘုရားတို့ မည်သည်မှာ မကောင်းမှု ဟူသမျှကို အပပြုကုန်ပြီဖြစ်၏။ တရားအားလုံးကို သိမြင်တော်မူကြပြီး ဖြစ်၏။ ထိုဘုရားရှင်တို့အား ကျွန်ုပ် ရှိခိုးပါ၏။ ထိုဘုရားရှင်တို့ကလည်း ကျွန်ုပ်ကို စောင့်ရှောက်ကြပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ အရဟတ္တ မဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အားလည်း ရှိခိုးပါ၏။ ကိလေသာမှ ကင်းလွတ်ကုန်ပြီသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ဤသို့လျှင်ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြုပြီးမှ အစာရှာထွက်လေ၏။

၇၀။ နေမင်းသည် လူတို့၏ မျက်စိနှင့်တူ၏။ မြတ်သောမင်းလည်းဖြစ်၏။ ရွှေ အဆင်းအရောင်လည်း ရှိ၏။ မြေပြင်၌လည်း ထွန်းလင်းတောက်ပ၏။ ဤနေမင်းသည် ယခုဝင်လေ၏။ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌ တောက်ပသော အရောင်ရှိသော ရှင်နေမင်းကို ဦးညွှတ်ရှိခိုးပါ၏။ ယခု တညဉ့်ပတ်လုံး အရှင်နေမင်း၏ အစောင့်အရှောက်ခံယူ၍ ကျွန်ုပ် နေပါအံ့။

၇၁။ မကောင်းမှုဟူသမျှကို ဖယ်ရှားပြီး တရားအလုံးစုံကို သိတော်မူကုန်သော ဘုရားရှင်တို့အား ဦးညွှတ် ရှိခိုးပါ၏။ ထိုဘုရားရှင်တို့သည် ကျွန်ုပ်ကို စောင့်ရှောက်ပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော အရိယာ ပုဂ္ဂိုလ်တို့၏ အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အားလည်းကောင်း၊ ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်တို့အားလည်းကောင်း၊ အရဟတ္တဖိုလ် တရားအားလည်းကောင်း ကျွန်ုပ် ရှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ဤသို့လျှင် ဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြု၍ ညဉ့်အခါ၌ နေလေ၏။

မောရသု်မာပြန်ပြီး၏။

ရွတ်ဖတ်ရကျိုး

ပီယဆေးခတ်ခြင်း၊ ပုဏ္ဏကတိုက်ခြင်း စသည်ဖြင့် သူတပါးတို့က မကောင်းမကြံနိုင်အောင် ကာကွယ်နိုင်သည်။ အထူးသဖြင့် အပျိုရည် အပျို့သိက္ခာကို မြတ်နိုးသော မိန်းကလေးများအတွက် အကာအကွယ်ကောင်းဖြစ်သည်။ အန္တရာယ်ပြုရန် တစုံတယောက်က မိမိနောက်သို့ လိုက်နေသောအခါများတွင် ရွတ်နိုင်သည်။ သူတပါးက မိမိ၏ ရာထူးအခြေအနေ လျောကျအောင် ကြံစည်နေလျှင်လည်း အကာအကွယ် ကောင်းတစ်ခုဖြစ်ပေသည်။ လုပ်ကြံသတ်ဖြတ်မှု မခံရအောင်လည်း စွမ်းပေသေးသည်။

Blog at WordPress.com.

Up ↑

Design a site like this with WordPress.com
Get started